Facebook Pageရှိနေပြီဘဲ ဘာကြောင့် websiteလိုအပ်တာလဲ?

WordPressရဲ့ SEOအကြံပေးတစ်ဦးဖြစ်တဲ့ ‌ရေဘက်ခါဂေးလ် ပြောတဲ့စကားတစ်ခွန်းရှိပါတယ် “လူတွေက သူတို့မှာ Facebook Page ရှိနေပြီဘဲ၊ အဲတော့ Websiteတော့ မလိုတော့ဘူးလို့ ပြောတဲ့အခါ ကျွန်တော်အမြဲတမ်း ပြန်ပြောဖြစ်တာက သင့်မှာ Facebook Pageရှိတာမဟုတ်ဘူး Facebookမှာ သင့်နာမည်နဲ့ Pageတစ်ခုရှိနေတာလို့ ပြန်ပြောဖြစ်ပါတယ်”။ဟုတ်ပါတယ်၊ လုပ်ငန်းတော်တော်များများ မှားတတ်ကြတာက သူတို့အမြင်မှာ လူတိုင်းက Facebookပေါ်မှာရှိတယ်၊ Facebookဆိုတာ အခမဲ့သုံးလို့ရတယ်၊ အဲ့တော့ Facebookဘဲ သုံးကြတာပေါ့ ဆိုပြီး အထင်မှားတတ်ကြပါတယ်။ Facebookသုံးခြင်းရဲ့ကောင်းကျိုးတွေကတော့ အများကြီးပါ။ လူအသုံးများဆုံး ဆိုရှယ်မီဒီယာဖြစ်တာ၊ customer data analystအလွယ်တကူပြန်လုပ်လို့ရတာ၊ ကြောငြာရောက်ရှိနိုင်မယ့်နေရာ တိကျကျယ်ပြန့်တာ… စသဖြင့်ပေါ့။ ဒါပေမယ့် သိထားရမှာက သင်ကတကယ်တည်း facebook pageရဲ့ ပိုင်ရှင်မဟုတ်ပါဘူး။ […]