Domain Name

Domain တစ်ခုဝယ်ယူလိုလျှင် ဘာတွေလုပ်ဆောင်ရမလဲ?

Domain ဝယ်ယူလိုလျှင် Z.com Website တွင်ဝင်ရောက်ပြီး မိမိတို့လိုချင်သော Domain name အား ပထမဉီးစွာ စစ်ဆေးရန်လိုအပ်သည်…. မိမိလိုအပ်သော Domain name သည် Available ဖြစ်ပါက Order တင်၍ဝယ်ယူနိုင်ပါသည်….

Domain ဝယ်တာနဲ့ Website /Email တွေကို အသုံးပြုလို့ရနိုင်သလား?

Website တွေ Email တွေ အသုံးပြုလို့မရနိုင်သေးပါဘူး… Domainဆိုသည်မှာ Internet address တစ်ခုသာဖြစ်သည့်အတွက် Website အသုံးပြုရန် Web Server လိုအပ်ပြီး၊ Email Address အသုံးပြုရန် Email Server လိုအပ်မှာ ဖြစ်ပါတယ်…Domain ဖြင့်ချိတ်ဆက်အသုံးပြုရန် Server မရှိပါက ထပ်မံဝယ်ယူရန်လိုအပ်ပါသည်…

ဝယ်ယူထားသော Domain ကိုမည်သို့အသုံးပြုနိုင်သလဲ?

Domain အား Web Server/ Mail Server များချိတ်ဆက်၍ အသုံးပြုနိုင်ပါသည် ….

အခြား Domain provider များမှ ဝယ်ယူထားသော Domains များအား Z.com သို့ရွေ့ပြောင်းနိုင်ပါသလား?

ရွေ့ပြောင်းနိုင်ပါတယ် သို့သော် Domain၏သက်တမ်းအနည်းဆုံး တစ်လခန့်ကျန်ရှိရန်လိုအပ်ပါသည်…

Domain Waiting Authenticating Status

Domain Waiting Authenticating Status ဆိုတာ Domain provider ဘက် Domain owner ဆီသို့ confirmation ပြုလုပ်ရန်လိုအပ်သော အခြေအနေတစ်ခုဖြစ်သည်. Domain owner အနေဖြင့် မိမိ email ထဲဝင်ရောက်ရှိနေသော verification link အားနှိပ်၍ Confirmation လုပ်နိုင်သည်. ပြုလုပ်ပြီးပါက အချိန်အနည်းငယ် စောင့်ဆိုင်းရန်လိုအပ်သည်…

Domain တစ်ခု၏ Name Server အား ပြောင်းလဲအသုံးပြုနိုင်သလား?

Name Server အားပြောင်းလဲ အသုံးပြုနိုင်ပါသည်။
Domain တစ်ခု NameServer ပြောင်းလဲရာတွင် Update ဖြစ်ရန် အများဆုံး ၇၂ နာရီစောင့်ဆိုင်းရန်လိုအပ်ပါသည်။
NameServer မပြောင်းလဲမီ DNS Record များအား backup သိမ်းထားရန်လိုအပ်သည်…

Domain၏ Registrant Information များ ပြောင်းလဲနိုင်ပါသလား?

Registrant Information အားပြောင်းလဲနိုင်သည်။
Registrant Email ပြောင်းလဲပါက Email confirmation ပြုလုပ်ရန်လိုအပ်သည်။

အခြားမှ ဝယ်ယူထားသော hosting Server နှင့် Z.com မှ Domain အား ချိတ်၍ အသုံးပြုနိုင်ပါသလား?

အသုံးပြုနိုင်ပါသည်… Server ၏ IP နင့် အခြားသော DNS Record များအား point လုပ်ပေးရမည်…

Domain တစ်ခုကို ဘယ်နှနှစ်ထိ ဝယ်ယူသက်တမ်းတိုးနိုင်လဲ?

Domain တစ်ခုကို 1နှစ် မှ 10 နှစ်ထိ ဝယ်ယူသက်တမ်းတိုး၍ အသုံးပြုနိုင်သည်…

ဘာကြောင့် DNS updated ဖြစ်ဖို့ အချိန်လိုမလဲ

ISPs များသည် DNS route-cache များကို အသုံးပြုကြသည်…. များသောအားဖြင့် network route လုပ်ခဲ့သော IP များကို cache server များတွင် သိမ်းဆည်းထားကြပါတယ်… ထိုကြောင့် DNS record များအသစ်ထည့်မည်ဆိုပါက မူလအသုံးပြုထားသော DNS record များသည် cache server များတွင် ရှင်းလင်းသွားရန် အချိန်စောင့်ရန်လိုအပ်ပါသည်…. DNS updated ဖြစ်ရန်အများဆုံး 24 hours မျှစောင့်ရန်လိုအပ်ပါသည်….

Domain Transfer-out ပြုလုပ်ခြင်း

Domain တစ်ခုကို Z.com မှ အခြား providerများဆီသို့ transfer ပြုလုပ်နိုင်သည်။ Transfer လုပ်ရန်အောက်ပါအချက်များကို စစ်ဆေးရန်လိုအပ်ပါသည်…

  1.  သက်တမ်းကုန်ဆုံးရန် အနည်းဆုံး၂လ ကျန်ရှိရမည်
  2.  Authcode အား မှတ်သားပြီး အသုံးပြုရမည်
  3. Transfer Lock အား ပိတ်(OFF)ထားရမည်
  4. Whois Proxy အား ပိတ်(OFF) ထားရမည်

ပြီးနောက် Domain အား စတင်၍ Transfer ပြုလုပ်နိုင်သည်။ အချိန်အားဖြင့် ၅ရက်မှ ၇ရက်ကြာနိုင်သည်

Domain သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ?

Domain သက်တမ်းကုန်ပြီး ၂၀ရက်အတွင်း Domain အား ပြန်လည်သက်တမ်းတိုးနိုင်သည်။
၂၀ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက Domainသည် delete ဖြစ်သွားပြီး ပြန်လည်မှာယူရန် ရက်၉၀ စောင့်ဆိုင်းရန် လိုအပ်လိမ့်မည် ဖြစ်သည်။

Domain သက်တမ်းတိုးခြင်း

  • Z.com အကောင့်သို့ Login ဝင်ပါ
  • “Domain” Menu ကို နှိပ်ပါ
  • သက်တမ်းတိုးလိုသော “Domain”အား ရှာပါ။ ပြီးနောက် “Renew” Button ကိုဆက်၍ နှိပ်ပါ။
  • သက်တမ်းတိုးလိုသော နှစ်(၁-၁၀) အား ရွေးချယ်ပါ။
  • ငွေပေးချေနိုင်သော နည်းလမ်းများအားရွေးချယ်ပေးပါ။
  • နောက်ဆုံးအနေဖြင့် ငွေးပေးပြီးသော Bank Slip အား Z.com Myanmar Page (Messenger) သို့မဟုတ် billing@gmoace.com ပေးပို့ပေးရန်။
  • ပြီးနောက် Domain သည် သက်တမ်းတိုးသွားမည်ဖြစ်သည်။

Domain’s Whois Proxy ပိတ်ခြင်း/ ဖွင့်ခြင်း

ပထမဆုံးအနေဖြင့် Z.com အား Login ဝင်၍ “Domain” Menu သို့သွားပါ။

  • မိမိ၏ Domain ကိုနှိပ်ပါ။
  • “Contract and Contact Information” သို့ဝင်ပါ။
  • ပြီးနောက် “Whois Proxy” အား “ON/OFF” ပြုလုပ်နိုင်ပါသည်။

Web Hosting

Web Hosting ဆိုတာ ဘာလိုserver အမျိုးအစားလဲ?

Web Hosting ဆိုသည်မှာ Shared Server အမျိုးအစားဖြစ်ပါသည်။ cPanel ကိုအသုံးပြုထားပြီး ready to use service တစ်ခုဖြစ်ပါသည်။ Website, Email, FTP, WordPress များလည်းအသုံးပြုနိုင်ပါသည်။ optional service အဖြစ် Static IP address ကိုအသုံးပြုနိုင်ပါသည်။

ဘယ်လို website မျိုးကို Web Hosting မှာအသုံးပြုရမလဲ?

Information website, Small blogs site, small and medium company information site များအတွက် အသုံးပြုနိုင်ပါသည်။

Server နဲ့ Domain ကို ဘယ်လိုချိတ်ဆက်ရမလဲ?

ပထမဦးစွာ cPanel server အား Login ဝင်၍ Add on domain ကိုနှိပ်ပါ။ ပြီးလျှင် မိမိ အသုံးပြုချင် သော domain name အားထည့်သွင်းပါ။ Add Domain အားနှိပ်၍ Domain အသစ်ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။

Website တင်ပြီးပြီ internet က ခေါ်လို့မရဘူး ဘာလုပ်ရမလဲ?

Domain expired or suspend ဖြစ်လားစစ်ပါ။ DNS record တွင် server IP မှန်/မမှန် စစ်ဆေးပါ။ Project files များ သက်ဆိုင်ရာ domain folder ထဲတွင်ရှိလား စစ်ပါ။ Website နှင် database ချိတ်ဆက်ထားလားစစ်ပါ။ အထက်ပါအချက်လက်များ စစ်ပြီး၍မရလျှင် Support team အားဆက်သွယ်ပေးပါ။

SSL install လုပ်ပြီးပြီ https မရသေးဘူး။

ပထမဦးစွာ https://domain.com ဖြင့် access လုပ်ပါ။ SSL ရလျှင် http to https ကို redirect လုပ်ရန် လိုအပ်ပါသည်။ .htaccess file အားအသုံးပြု၍ redirect ပြုလုပ်နိုင်ပါသည်။

Email ပို့လိုရတယ် လက်ခံလို့မရဘူး ဘာစစ်ရမလဲ?

DNS တွင် MX record မှန်/မမှန် စစ်ဆေးပေးပါ။ Outlook အသုံးပြုလျှင် incoming and outgoing mail server မှန်/မမှန် စစ်ဆေးပေးပါ။ Username and password မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးပါ။ အထက်ပါ အချက်များစစ်ဆေးပြီး email ပို၍မရလျှင် Support team အားဆက်သွယ်မေးမြန်းနိုင်ပါတယ်။

FTP account ကို ဘယ်လိုအသုံးပြုရမလဲ?

FileZilla software အားမိမိ PC တွင် install လုပ်၍ server သို့ File or folder များကို FTP မှ download/upload ပြုလုပ်နိုင်ပါသည်။ Folder တင်လျှင် Zip ပြုလုပ်ရန် လိုအပ်ပါသည်။

Web Hosting server ကို ရုံး network နဲ့ဝင်မရတော့ဘူး။

ပထမဦးစွာ network public IP အားစစ်ပါ။ မိမိ PC မှ Command prompt တွင် tracert -d serverIP, pathping -n serverIP စသည်များ ပြုလုပ်၍ Screenshot or photo နှင်တကွ support team (support@gmoace.com) သို့ဆက်သွယ်ပေးပို့ပါ။

WebHosting sever သက်တမ်းတိုးခြင်း

  • Z.com အကောင့်သို့ Login ဝင်ပါ
  • “Webhosting” Menu ကို နှိပ်ပါ
  • သက်တမ်းတိုးလိုသော “WebHosting”အား ရွေးပါ။ ပြီးနောက် “Renew” Button ကိုဆက်၍ နှိပ်ပါ။
  • သက်တမ်းတိုးလိုသော နှစ်(၁-၃) အား ရွေးချယ်ပါ။
  • ငွေပေးချေနိုင်သော နည်းလမ်းများအားရွေးချယ်ပေးပါ။
  • နောက်ဆုံးအနေဖြင့် ငွေးပေးပြီးသော Bank Slip အား Z.com Myanmar Page (Messenger) သို့မဟုတ် billing@gmoace.com ပေးပို့ပေးရန်။
    ပြီးနောက် Webhosting သည် သက်တမ်းတိုးသွားမည်ဖြစ်သည်။

WebHosting သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ?

  • Server သက်တမ်းကုန်ပြီး ၁၅ရက်အတွင်း Server အား ပြန်လည်သက်တမ်းတိုးနိုင်သည်။ ၁၅ ရက်အတွင်းသက်တမ်းတိုးပါက server ပေါ်ရှိ data များပျောက်ပျက်မည်မဟုတ်ပါ။
  • ၁၅ ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက server သည် automatically delete ဖြစ်သွားပြီး data များပျောက်ပျက်သွားကာ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။

Email Hosting

Email Hosting မှာ Email account အရေအတွက် ကန့်သတ်ချက်ရှိလား?

Email accounts အရေအတွက် ကန့်သတ်ချက်မရှိပါဘူး. ဒါပေမဲ့email accounts အားလုံး၏ data storage သည် ဝယ်ယူထားသော Server Storage ပေါ်တွင် မှီခိုနေသည် ဖြစ်သည်။

Email အရေအတွက် ၁နာရီအတွင်းမှာ ဘယ်လောက်များများပို့နိုင်သလဲ?

1 နာရီအတွင်းတွင် email အစောင်ရေ(၂၀၀)ထိ ပို့နိုင်သည်။

Emailတစ်စောင်လျှင် attached file size ဘယ်လောက်ထိ ပိုနိုင်သလဲ?

Email တစ်စောင်လျှင် attached file size = 25MB အထိထည့်သွင်းပို့နိုင်သည်။

Email accounts တွေကို ဘယ်လို Application တွေနဲ့ သုံးလို့ရလဲ?

Desktop PC/ Laptop ဖြစ်ပါက Microsoft outlook, Webmail တို့တွင်သုံးနိုင်ပြီး IOS/Android များတွင် default Email app များ, Gmail app တွင် အသုံးပြုနိုင်သည်။

Email hosting ၏ Admin password မေ့လျော့သွားပါက မည်သို့ဆောင်ရွက်နိုင်သလဲ?

User၏ Z.com portal မှတဆင့် admin Password အားအသစ်ထည့်သွင်းနိုင်ပါသည်။

လက်ရှိအသုံးပြုနေသော email hosting ၏ storage ပြည့်သွားပါက မည်သို့ဆောင်ရွက်နိုင်သလဲ?

လက်ရှိအသုံးပြုနေသော Email hosting Plan ထက် storage ပမာဏများသော Plan အားတိုး၍ ပြောင်းလဲ အသုံးပြုနိုင်သည်… ပြောင်းလဲသော Plan ပေါ်မူတည်ပြီး လိုအပ်သော ငွေပမဏအားပေးဆောင်ရန်လိုအပ်သည်..

EmailHosting sever သက်တမ်းတိုးခြင်း

  • Z.com အကောင့်သို့ Login ဝင်ပါ
  • “Email Hosting” Menu ကို နှိပ်ပါ
  • သက်တမ်းတိုးလိုသော “EmailHosting”အား ရွေးပါ။ ပြီးနောက် “Renew” Button ကိုဆက်၍ နှိပ်ပါ။
  • သက်တမ်းတိုးလိုသော နှစ်(၁-၃) အား ရွေးချယ်ပါ။
  • ငွေပေးချေနိုင်သော နည်းလမ်းများအားရွေးချယ်ပေးပါ။
  • နောက်ဆုံးအနေဖြင့် ငွေးပေးပြီးသော Bank Slip အား Z.com Myanmar Page (Messenger) သို့မဟုတ် billing@gmoace.com ပေးပို့ပေးရန်။
    ပြီးနောက် Email hosting သည် သက်တမ်းတိုးသွားမည်ဖြစ်သည်။

Email Hosting သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ?

  • Server သက်တမ်းကုန်ပြီး ၁၅ရက်အတွင်း Server အား ပြန်လည်သက်တမ်းတိုးနိုင်သည်။ ၁၅ ရက်အတွင်းသက်တမ်းတိုးပါက server ပေါ်ရှိ data များပျောက်ပျက်မည်မဟုတ်ပါ။
  • ၁၅ ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက server သည် automatically delete ဖြစ်သွားပြီး data များပျောက်ပျက်သွားကာ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။

Private Hosting

Web Hosting နှင့် Private Hosting ခြားနားချက်

Web Hosting သည် Shared hosting တစ်မျိုးအစားတစ်ခုဖြစ်ပြီး Private Hosting သည် Dedicated Server တစ်ခုဖြစ်သည်…

  • WH အား Usersများ အနေဖြင့် Shared ၍အသုံးပြုနိုင်ပြီး cPanel account တစ်ခုရရှိမည်ဖြစ်သည်…
  • PH သည် Dedicated Server ဖြစ်သောကြောင့် User တစ်ဉီးတည်းကပဲ အသုံးပြုနိုင်သည်… cPanel account များကိုလည်း တစ်ခုထက်မက တည်ဆောက်လို့ရသည်…

Private Hostingတွင် မည်သည့် OS များဖြင့် အသုံးပြုနိုင်သလဲ?

PH တွင် Windows OS (2019) နှင့် Linux OS (CentOS7) နှစ်မျိုးဖြင့် အသုံးပြုနိုင်သည်…

  • Windows Serverအား Plesk panel ဖြင့် ဝယ်ယူအသုံးပြုနိုင်ပါသည်…
  • Linux OS (CentOS)ပေါ်တွင် cPanel(WHM) နှင့် Plesk အားတင်၍ ဝယ်ယူအသုံးပြုနိုင်သည်….. cPanel အသုံးပြုလိုပါက License အားဝယ်ယူပြီးမှ အသုံးပြုနိုင်သည်…

Private Hosting တွင် Storage ဘယ်လောက်မှ စတင်အသုံးပြုနိုင်သလဲ?

Private Hosting တွင် Storage size 50 GB ဖြင့်စတင် အသုံးပြုနိုင်ပါသည်…Userများ အနေဖြင့် Storage 50GB ထက်ပို၍လိုအပ်ပါက Additional Disk အား 200 GB / 500 GB အားထပ်မံ၍ ဝယ်ယူပြီး ချိတ်ဆက်အသုံးပြုနိုင်သည်….

SSH / Remote Access များဖြင့် အသုံးပြုနိုင်လား?

Linux OS အားဝယ်ယူထားပါက SSH access ဖြင့် ဝင်ရောက် အသုံးပြုနိုင်ပါသည်… Windows Server ဖြစ်ပါက Remote Desktop Connection ဖြင့် အသုံးပြုနိုင်သည်…

Private Hosting တွင် Backup Function အသုံးပြုနိုင်ပါသလား၊ Backup function က ဘယ်အပိုင်းတွေကို ပြုလုပ်ပေးသလဲ?

Private Hosting တွင် Auto Backup function အားဝယ်ယူပြီး အသုံးပြုနိုင်သည်။

Auto Backup အား တစ်ပတ်လျှင်တစ်ကြိမ် သိမ်းထားပေးသည်။

AutoBackup ပြုလုပ်ပါက OS တစ်ခုလုံးအား Backup ပြုလုပ်ပေးသည်။

Server တစ်ခုလုံးအား clone ယူထားလို့ရနိုင်လား?

Private Hosting တွင် Save Image function ဖြင့် Server တစ်ခုလုံးအား Clone ယူထားနိုင်သည်… အသုံးပြုလိုပါက လိုအပ်သောငွေပမာဏအားပေးချေ၍ အသုံးပြုနိုင်သည်…

ဝယ်ယူပြီးသား Serverကို RAM/CPU တိုးလို့ရနိုင်လား?

မိမိဝယ်ယူပြီးသား Private Hosting ၏ RAM/ CPU တိုးလို့ရနိုင်ပါတယ်… အကယ်၍ RAM/CPU တိုးပါက မိမိဝယ်ယူထားသော Planပြောင်းလဲမှု့ရှိပါတယ်…မိမိလိုအပ်သော Server Spec ပေါ်မူတည်ပြီး ကျသင့်သော ‌ငွေပမာဏအား ပေးဆောင်ရန်လိုအပ်ပြီး Server Spec (RAM/CPU) တိုးရန် Downtime အနည်းငယ်လိုအပ်ပါသည်…

Cloud VPS

VPS ဆိုတာဘယ်လိုအမျိုးအစားလဲ?

VPS ဆိုတာ Virtual Private Server အမျိုးအစားတစ်ခုဖြစ်ပါတယ်။ VPS မှာ Windows Server နဲ့ Linux Server အမျိုးအစား(2)မျိုးအား အသုံးပြုနိုင်ပါတယ်….

VPS serverတွေကို ဘယ်လိုဝယ်ယူလို့ရနိုင်လဲ?

VPS server များသည် Virtual Private Serverဖြစ်တဲ့အတွက် မိမိတို့အသုံးပြုလို့သည် RAM/ CPU တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ၃လ, ၆လ, ၉လ, ၁၂လ စသည်ဖြင့် ဝယ်ယူအသုံးပြုနိုင်ပါတယ်။

VPS မှာ Storage က ဘယ်လောက်ရမှာလဲ?

VPS မှာပုံမှန်အားဖြင့် 50 SSD ဖြင့်ရရှိမှာဖြစ်ပြီး လိုအပ်ပါက 200 SSD နှင့် 500 SSD အားထပ်တိုး၍ အသုံးပြုနိုင်ပါတယ်။

Windows OS version အမျိုးအစား

Windows Server 2016, Windows Server 2019 အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်ပါတယ်

Linux OS အမျိုးအစား

CentOS, Ubuntu, Debian, FreeBSD များအပြင် အခြားသော Linux OS အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်ပါတယ်..

တခြား application တွေကို VPS ပေါ်အသုံးပြုလို့ ရနိုင်လား?

ဟုတ်ကဲ့ အသုံးပြုလို့ ရနိုင်ပါတယ်။ WordPress, Laravel, Node.js, Drupal, Joomla, OwnCloud, Zabbix စသော application များကို ကိုယ်တိုင်ကိုယ်ကျ Install လုပ်စရာမလိုဘဲ Serverမှာယူရုံဖြင့် အသင့်အသုံးပြုနိုင်သော VPS များစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်.

Auto Backup Service ဆိုတာဘာလဲ?

VPS များကို အသုံးပြုရာတွင် Auto Backup Service ကိုထပ်မံ၍ ဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်… Auto Backup Service သည် မိမိဝယ်ယူအသုံးပြုထားသော OS နှင့် ထည့်သွင်းထားသော DATA များအား တစ်ပတ် တစ်ကြိမ် Backup ပြုလုပ်ပေးသော Service တစ်ခုဖြစ်ပါတယ်။

Cloud VPS သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ?

  • Sever သက်တမ်းကုန်ပြီး ၅ ရက်အတွင်း Server အား ပြန်လည်သက်တမ်းတိုးနိုင်သည်။ ၅ရက်အတွင်းသက်တမ်းတိုးပါက server ပေါ်ရှိ data များပျောက်ပျက်မည်မဟုတ်ပါ။
  • ၅ ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက server သည်  automatically delete ဖြစ်သွားပြီး data များပျောက်ပျက်သွားကာ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။

Billing/Payment

Z.com မှာ services တွေဝယ်ဖို့ ဘယ်လိုငွေပေးချေရမလဲ?

Z.com မှာ Services တွေကို MPU(2C2P)/ Bank Transfer/ Cash တို့ဖြင့် ငွေပေးချေနိုင်ပါတယ်…

  • MPU(2C2P) ဖြင့် Z.com account ထဲသို့ ကိုယ်တိုင်ငွေထည့်၍ အသုံးပြုယူလိုသော services ကို ဝယ်ယူနိုင်ပါတယ်…
  • Bank Transfer ဖြင့်ပေးချေရန်အတွက် အသုံးပြုလိုသော Services၏ ငွေပမာဏအား နီးစပ်ရာ KBZ Bank/ CB Bank သို့သွားရောက်၍ လည်းကောင်း၊ mbanking, ibanking များဖြင့်လည်း ပေးချေနိုင်ပါတယ်။ Bank Transfer ဖြင့်ပေးချေသော Bank Slip/ Screenshot များအား billing@gmoace.com သို့ မေးလ်ပို့ပေးရန်လိုအပ်ပါတယ်…

ဝယ်ယူပြီး Services တွေကို ဘယ်အချိန် စပြီးအသုံးပြုလို့ရမလဲ?

ဝယ်ယူပြီး Services များအတွက် Payment Successful ဖြစ်ပြီး ၂နာရီဝန်းကျင်ခန့်တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်…

KBZ pay ထဲမှ quick pay ဖြင့်ငွေပေးချေမည်ဆို ပါက Inoive ID ကို မည်သည့်နေရာတွင်ကြည့်ရမလဲ?

**Manual invoice နှင့် system invoice ရရှိထားသော customer များအနေဖြင့် Invoice numberနေရာတွင် ID ကိုရယူနိုင်ပါသည်။
** Payment deposit ထည့်မည့် customer များအနေဖြင့် ကြိုက်နစ်သက်ရာ ID number 9 လုံးကို ရိုက်ထည့်လို့ရပါတယ်။ <eg: 123456789>

DNS

Z.com Nameserver

  • ns-a1.cloud.z.com
  • ns-a3.cloud.z.com
  • ns-a4.cloud.z.com

Domainရဲ့ Nameserver ကို Z.comမှ Nameserver မသုံးဘဲ တခြားNameserver သုံးလို့ရလား?

ဟုတ်ကဲ့ အသုံးပြုလို့ရပါတယ်။ Nameserver ပြောင်းလဲရန်

  • Z.com Account ထဲသို့ Login ဝင်ပါ။
  • Title ပေါ်မှ Domain ကိုနှိပ်ပါ။
  • Nameserver ပြောင်းလိုသော Domain အား ရွေးချယ်ပြီး နှိပ်ပါ။
  • ထိုနောက် Nameserver Setting ကိုနှိပ်၍ [Custom] တွင် မိမိပြောင်းလိုသော Nameserver များအား ထည့်သွင်းပါ။

% Nameserver ပြောင်းလဲပြီး Update ဖြစ်ရန် အများဆုံး (72) နာရီခန့် အချိန်ပေးရသည်…

Z.com Research

မိမိဖြေဆိုပြီးသော Survey အဖြေများကို ပြန်လည် ပြင်ဆင်လို့ရပါသလား?

  • စစ်တမ်းကောက်ယူမှု စတင်ပြီးသည်နှင့် အဖြေများကို ပြန်၍ မပြုပြင်နိုင်ပါ။ စစ်တမ်းမေးခွန်းများသည်လည်း မေးခွန်းတစ်ခုနှင့်တစ်ခု ဆက်စပ်နေသည် ဖြစ်သောကြောင့် မေးခွန်းများကို မဖြေဆိုခင် ကျေးဇူးပြု၍ အဖြေများကို ဦးစွာစစ်ဆေးရန် လိုအပ်ပါသည်။

Z.com Research ကပို့ပေးတဲ့ စစ်တမ်းအီးမေးလ်အမြဲရနိုင်ဖို့ဘယ်လိုလုပ်ရမလဲ။

  • https://research.z.com/mm/ မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ကိုယ်ပိုင်စာမျက်နှာထဲမှ “စစ်တမ်းဖြေဆိုရန်အကြောင်းကြားစာရရှိခြင်း”ကိုနှိပ်ပါ။
  • စစ်တမ်းဖြေဆိုဖို့အသိပေးခြင်းနှင့်စစ်တမ်းပို့ပေးရန်တောင်းဆိုမှုကို ထိုစာမျက်နှာထဲတွင်ချိန်ညှိနိုင်သည်။

မိမိကိုယ်ပိုင်အကောင့်အချက်အလက်များကြည့်ရှုခြင်းနှင့်ပြင်ဆင်ခြင်းကို ဘယ်လိုပြင်ဆင်ရမလဲ။

  • https://research.z.com/mm/ link မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ကိုယ်ပိုင်စာမျက်နှာထဲမှ “သင့်အကောင့်၏အချက်အလက်များကြည့်ရှုခြင်းနှင့် ပြင်ဆင်ခြင်း”ကိုနှိပ်ပါ။
  • ကိုယ်ရေးအချက်အလက်များဖြည့်ပြီး “ပို့ပါ” ကို နှိပ်ပါ။
  • မိမိဖြည့်ထားသော အချက်အလက်များမှန်ကန်ပါက – “ကိုယ်ပိုင်စာမျက်နှာ-သင့်အကောင့်အချက်အလက်ကို ကြည့်ပြီး ပြောင်းလဲရန် ” စာမျက်နှာသို့ရောက်ရှိသွားမည်ဖြစ်ပြီး အသစ်သောအချက်အလက်များပြင်ဆင်ခြင်းကို ပြုလုပ်နိုင်မည်။
  • အချက်အလက်များပြင်ဆင်ခြင်းပြီးဆုံးသွားပါက “အတည်ပြုခြင်း” ကိုနှိပ်ပါ။

လဲလှယ်လိုက်သောဆုလက်ဆောင်တွေကို မည်သည့်နေရာကနေရရှိပါမလဲ။

  • မိမိလဲလှယ်လိုက်သော point အရေအတွက်အလိုက်ကိုက်ညီသော ဆုလက်ဆောင်များကို လက်ဆောင်လဲလှယ်ပေးသောနေ့များတွင်အကောင့်ဖွင့်ထားသော email များထံသို့ Z.com research myanmar မှ emailပို့ပေးမည်ဖြစ်သည်။ဆုလက်ဆောင်လဲလှယ်ပေးမည့်နေ့များကိုလည်းZ.com Myanmar Facebook စာမျက်နှာမှတဆင့်စုံစမ်းနိုင်ပါသည်။

အကောင့်စကားဝှက်မေ့သွားပါက မည်သို့လုပ်ဆောင်ရမည်နည်း။

  • “https://research.z.com/mm/ မှ တဆင့် “အကောင့်သို့ဝင်ခြင်း”ကို နှိပ်ပါ။
  • စကားဝှက်အသစ်ပြန်လည်ပြင်ဆင်နိုင်သော linkကိုနှိပ်ပါ။
  • လျှို့ဝှက်စကားဝှက်အတွက် မေးမြန်းစုံစမ်းခြင်း နေရာသို့ရောက်ရှိသွားပါ email နေရာတွင် မိမိအကောင့်ဖွင့်ထားသော email လိပ်စာကိုထည့်ပါ။ ပို့ပေးပါကိုနှိပ်ပါ။
  • ထို့နောက် email ထဲသို့ဝင်ရောက်လာသော linkမှ တဆင့် မိမိအသစ်ပြောင်းလဲလိုသောစကားဝှက်အသစ်ကိုပြောင်းလဲနိုင်ပါသည်။

မိမိထံ စစ်တမ်းများရောက်ရှိခြင်းရှိမရှိ ဘယ်လိုစစ်လို့ ရပါသလဲ။

  • https://research.z.com/mm/ link မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ပထမဆုံးစာမျက်နှာတွင်လည်း စစ်တမ်းများကိုစစ်ကာဖြေဆို နိုင်ပါသည်။
  • မိမိထံရောက်ရှိလာသော research email များထံမှ တဆင့်လည်း စစ်တမ်းများရောက်မရောက်စစ်ဆေးနိုင်ပါသည်။

မိတ်ဆွေတွေကို မည်သည့်နည်းလမ်းများဖြင့်ဖိတ်ကြားပြီးpointတွေ ရယူနိုင်ပါသလဲ။

  • မိတ်ဆွေတွေကို အောက်ပါနည်းလမ်းများဖြင့်ဖိတ်ကြားနိုင်ပါသည် –
  • SMS မှတဆင့် ဖိတ်ခေါ်ခြင်း
  • Email မှတဆင့် ဖိတ်ခေါ်ခြင်း
  • သင့် Blog မှတဆင့် မိတ်ဆွေများကိုမိတ်ဆက်ပေးခြင်း
  • Z.com Research Myanmar ကိုဖိတ်ကြားထားပေးတဲ့လူက ရမှတ် ၅၀ ရမှာဖြစ်ပါသည်။ သင့်မိတ်ဆွေက ဖိတ်ကြားမှုအီးမေးလ်ထဲမှာပါတဲ့ URLလင့်ခ်ကိုနှိပ်ပြီး Z.com Research Myanmar အသင်းဝင်အဖြစ်မှတ်ပုံတင်ပါ က ဖိတ်ကြားခံရသူကတော့ ရမှတ် ၁၀၀ ရမှာဖြစ်ပါသည်။

ဆုလက်ဆောင်လဲလှယ်ရန် အနည်းဆုံး Point မညိမျှရှိရမည်နည်း။

  • အနည်းဆုံး Point 950 ရှိရန်လိုအပ်ပါသည်။စစ်တမ်းတွေကိုဖြေဆိုပြီး မိတ်ဆွေတွေကိုစစ်တမ်းများဖြေဆိုရန်ဖိတ်ကြးပြီး point တွေကိုရယူနိုင်ပါသည်။

Emailထဲကိုဝင်လာတဲ့ တချို့စစ်တမ်းတွေကိုဖြေဆိုလို့မရတော့တာဘာကြောင့်ပါလဲ။

  • မိမိထံကိုရောက်ရှိလာတဲ့စစ်တမ်းတွေရဲ့ပိတ်မည့်နေ့ကို emailထဲတွင်စစ်ဆေးနိုင်ပါသည်။ပိတ်မည့်နေ့ကိုကျော်သွားသောစစ်တမ်းများသည်သက်တမ်းကုန်သွားသည်ဖြစ်သောကြောင့်ဖြေဆိုလို့မရနိုင်တော့ပါ။

ဆုလက်ဆောင်လဲလှယ်ခြင်းမှတ်တမ်း ၊ လက်ဆောင်လဲယူခဲ့သည့်မှတ်တမ်းများကို မည်သည့်နေရာတွင်ကြည့်ရှုလို့ရပါသလဲ။

  • https://research.z.com/mm/ မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ဆုလက်ဆောင်လဲလှယ်ခြင်းမှတ်တမ်း ၊ လက်ဆောင်လဲယူခဲ့သည့်မှတ်တမ်းများကို တွင်စစ်ဆးနိုင်ပါသည်။
  • နောက်ဆုံး၁၀ကြိမ်ဆု လဲလှယ်ခဲ့သည်ရလဒ်တွေ ကိုကြည့်ရှုနိုင်ပါသည်။
Back To Top