ယခုလို နည်းပညာခေတ်မှာ စီပွားရေးလုပ်ငန်းများအတွက် Website တစ်ခု ဖန်တီးခြင်းဟာ အရေးကြီးပြီး မဖြစ်မနေလိုအပ်ပါတယ်။ သင့် ရဲ့ Website ဟာ Online ပေါ်မှအရောင်းအ၀ယ်များအတွက် မျက်နှာစာဖြစ်ကာ သင့် Brand ပေါ်ကိုလည်း ယုံကြည်မှုတိုးပွားစေပြီး ၀ယ်ယူအားပေးဖို့ အလားအလာများသော ဖောက်သည်များနှင့် လည်း ဆက်သွယ်ရန် အဆင်ပြေစေပါတယ်။ ဒါ့ကြောင့် သင့် Website ကို အသုံးပြုသူများ အမြင်တွင် ဆွဲဆောင်မှုရှိပြီး အဆင်ပြေစေရန်နှင့် လက်တွေ့အသုံး၀င်စေရန် အရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့အတွက် Professional Website ဖန်တီးသော ၀န်ဆောင်မှုများဟာလည်း အလွန်အရေးပါပါတယ်။
Website များ ဖန်တီးခြင်းဆိုတာ ဘယ်လိုအရာလဲ
Website ဖန်တီးခြင်းဆိုတာ Website တစ်ခုကို Design ရေးဆွဲခြင်း၊ ဖန်တီးရေးသားခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း စသော လုပ်ငန်းဆောင်တာများပဲဖြစ်ပါတယ်။ ထို့သို့ ဖန်တီးရာတွင် Website ၏ အပြင်အဆင်ကို နေရာချထားခြင်း၊ Website တွင် မြင်တွေ့နိုင်သောအကြောင်းအရာများကိုက်ညီအောင် Design ရေးဆွဲခြင်း၊ ထိုအပြင်အဆင်နှင့် Design များကို code များအဖြစ်ပြောင်းလဲရေးသားပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေပြေလည်ပတ်စေရန်နှင့် Website ပါအကြောင်းအရာများရှာဖွေရာတွင် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ပေးသော အရာများလည်း ပါ၀င်ပါတယ်။
ဘာကြောင့် Professional Website ၀န်ဆောင်မှုများကို လိုအပ်တာလဲ
မိမိလုပ်ငန်း သဘာ၀အတိုင်း စိတ်ကြိုက်ပြင်ဆင် ဖန်တီးရေးဆွဲနိုင်ခြင်း
Professional web development ၀န်ဆောင်မှုများသည် သင့်လုပ်ငန်း လိုအပ်ချက်များနှင့် အံ၀င်ခွင်ကျဖြစ်သော Website တစ်ခု ဖန်တီးပေးနိုင်ပြီး သင်၏ ကုန်ပစ္စည်းအမှတ်တံဆိပ် နှင့် စီးပွားရေးလုပ်ငန်းများ၏ ပုံရိပ်ကို ကောင်းမွန်စွာထင်ဟပ်စေပါတယ်။
Mobile, Pc, Devices တိုင်းတွင် လွယ်ကူစွာကြည့်ရှု အသုံးပြုနိုင်ခြင်း
ယခုခေတ်မှာ လူအများစုဟာ ဖုန်းတွေကို အသုံးပြုမှုများပြားလာတာနဲ့အညီ သင့်ရဲ့ Website ကို Device တိုင်းမှာ ၀င်ရောက်ကြည့်ရှု အသုံးပြု၍ရစေရန် ပြင်ဆင်ထားဖို့ အရေးကြီးပါသည်။ Professional Website ကို ရေးဆွဲဖန်တီးနိုင်သော developer များကိုအပ်နှံခြင်းဖြင့် သင့် Website ကို ပိုမိုကြည့်ရှု အသုံးပြုရအဆင်ပြေစေပြီး လုပ်ငန်းဆောင်တာများလည်း ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ သေချာပါတယ်။
User Experience
Professional Website ဖန်တီးရေးဆွဲသူတစ်ဦးသည် Website ကို ၀င်ရောက်ကြည့်ရှု သူများ အသုံးပြုရ လွယ်ကူပြီး ကောင်းမွန်စွာလည်ပတ်နိုင် သော Website ကို ဖန်တီးရေးဆွဲနိုင်ပါသည်။ ထိုအရာများထဲတွင် Website ကြည့်ရှုရန် စောင့်ဆိုင်းရသောအချိန်၊ လမ်းညွှန်မှုများနှင့် အဆင့်သင့် ဖုန်းခေါ်ဆိုနိုင်သော Functions များပါ၀င်ပြီး မိမိလုပ်ငန်းအတွက် လိုအပ်သော functions အသစ် များကိုလည်း Developer နှင်တိုင်ပင်က လိုသလိုထည့်သွင်းရေးဆွဲ အသုံးပြုနိုင်ပါတယ်။
Search Engine Optimization
SEO ဆိုသည်မှာ Website တိုင်း အတွက် မရှိမဖြစ်အရေးကြီးသော ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး အသုံးပြုသူများက သင့် Website ကိုရှာဖွေသောအခါ သင့် ပြိုင်ဘက်လုပ်ငန်းတူ Website များကိုကျော်လွန်ပြီး ထိပ်ဆုံးမှ ပေါ်လာစေရန် အတွက်လည်း အသုံးပြုနိုင်ပါတယ်။
Security
ယခုလို နည်းပညာခေတ်တွင် Website ၏ လုံခြုံရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍ မှပါ၀င်နေပါသည်။ Professional Website ဖန်တီးရေးဆွဲသူတစ်ဦးသည် သင်၏ Website ကိုလုံခြုံစွာ ထိန်းသိမ်းနိုင်ပြီး Hacker များနှင့် သတင်းအချက်လက်များကို ဖောက်ထွင်းခိုးယူလိုသူများရန်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။
အကျဥ်းချုပ်အားဖြင့် သင့် စီးပွားရေး လုပ်ငန်းလည်ပတ်မှုကို Online ပေါ်တွင် ထိရောက်စွာတိုးချဲ့လိုပါက Professional Website ဖန်တီးရေးဆွဲခြင်း ၀န်ဆောင်မှုများသည် မရှိမဖြစ်လိုအပ်ပါတယ်။ အတွေ့အကြုံများသော Professional Developers Team များကို အပ်နှံ၍လည်း အထက်ပါ အချက်အလက်များနှင့် ပြည့်စုံသော Website ၀န်ဆောင်မှုများကိုရယူနိုင်ပါတယ်။ Website ကောင်းကောင်းတစ်ခုရှိမှ သင့်လုပ်ငန်းတိုးတက်မှုပုံရိပ်ကို မြှင့်တင်နိုင်ပြီး ဖောက်သည်အများအပြားကိုလည်း ဆွဲဆောင်နိုင်မှာအမှန်ပါပဲ။
Website ဖန်တီးရေးဆွဲခြင်းဆိုင်ရာများအတွက်လည်း အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်မှတစ်ဆင့် Sales Teamထံသို့ ရုံးချိန် (Monday ~ Friday 9:00 AM to 18:00 PM)အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
09-894616938, 09-898430788
———————————
GMO-Z.com ACE
Customer Support: 09-795834817, 09-894616948, 09-265159420, 09-265158513
Email: support@gmoace.com
Website: https://www.z.com/mm
Join our Telegram: https://t.me/zcommyanmar
Location: GMO-Z.com ACE Co Ltd. Building (18), 7th Floor, MICT Park, Hlaing Township, Yangon 11051
Open 9.00 AM – 18.00 PM